ကွန်ပြူတာ ဝယ်ယူတဲ့အခါ ဘာတွေသိထားသင့်လဲ?



ယ​နေ့​ခေတ်​ တိုးတက်​လာတာနှင့်​အမျှ လူတိုင်းအတွက်​ computer ဟာ မရှိမဖြစ်​လိုအပ်​တဲ့ ပစ္စည်းတ​ခုအ​နေနဲ့ လိုအပ်​လာပါတယ်​၊ အဲ့လို လိုအပ်​ချက်​အရ computer တလုံးမှာ ဘာ​တွေလုပ်​ ​​ဆောင်​ နိုင်​မလဲ ဆိုတာကို​တော့ ဝယ်​မယ့်​သူတ​ယောက်​ အ​နေနဲ့ ​​​အောက်​ပါအချက်​​လေး​တွေကို​တော့ ​လေ့လာထားဖို့ လိုအပ်​မယ်​ထင်​ပါတယ်​ 😊။

Computer ကို လုပ်​ငန်းသုံးအတွက်​ပဲ ဖြစ်​ဖြစ်​၊ ​လူငယ်အ​များစု အတွက်​ပဲဖြစ်​ဖြစ်​ အမျိုးမျိုး သုံးကြပါတယ်​။ အဲ့လို သုံးချင်​ကြတဲ့ လူ​တွေအတွက်​ computer မှာ  brand များစွာ ရှိပါတယ်​။ ဥပမာ အ​နေနဲ့ ​ပြောရမယ်​ ဆိုလျှင်​ဖြင့်​ ယ​နေ့ ခေတ်အစားဆုံး အ​များစုသိထားပြီးပြီဖြစ်​တဲ့ ' Apple, Dell, Acer, Lenovo, Hp, MSI ' အစရှိသည်​တို့ပဲ ဖြစ်​ပါတယ်​။ များ​သောအားဖြင့်​​တော့ ' Dell, Acer, Lenovo & Hp 'တို့ကို​တော့ company ​တော်​​တော်​များများမှာ လုပ်​ငန်းသုံးအတွက်​ပဲ အသုံးများကြပါတယ်​၊ 'Apple' က​တော့ ​ဈေးကြီးတဲ့ထဲပါတဲ့အတွက်​ အသုံးနည်းကြပါတယ်​၊ ' MSI ' က​တော့ လူငယ်​​တွေအကြိုက်​​ပေါ့ Gaming သီးသန့်​ထုတ်​ထားတာ ဖြစ်​တဲ့အတွက်​ စိတ်ကြိုက်​အသုံးပြုနိုင်​ပါတယ်​။

အ​ပေါ်မှာ​ပြောခဲ့တာက​တော့ computer ​တွေရဲ့ brand ​တွေပဲဗျ။ ခုတင်ပြ​ပးမှာ​က​တော့ computer ဝယ်​ရင်​ ဘာ​တွေ သိထားရမလဲ ဆိုတဲ့ အပိုင်း​ဖြစ်​ပါတယ်​....

၁။ ဘာအတွက်​သုံးချင်​တာလဲ?
computer ​တွေကို ဝယ်​တဲ့အခါမှာ လုပ်​ငန်းသုံးလား၊ ဂိမ်း​ဆော့ ဖို့ အတွက်​ လား ဆိုတာ​က​တော့ ဝယ်​သူ​တ​ယောက်​အ​နေနဲ့ စဉ်းစား​​စေချင်​ပါတယ်​။ လုပ်​ငန်းသုံး​တောင်​ ဘာလုပ်​ငန်းလဲဆိုတာ အမျိုးမျိုးကွဲပြားပါ​သေးတယ်​။ ဥပမာ​ပြောရရင်​ Engineering Design အမြင့်​စား​တွေလုပ်​ဖို့ Processor နိမ့်​တဲ့ laptop ဆိုရင်​ မစွမ်း​ဆောင်​နိုင်​သလို သာမန်​ စာစီစာရိုက်​အတွက်​ USD 4000 ​လောက်​တန်​တဲ့ Gaming Series ​​တွေသုံးရင်​ Cost အရမ်းကုန်​ကျမှာဖြစ်​ပါတယ်​။

၂။ Specification
Computer တလုံးမှာ ​processor, graphic, hdd, ram တို့ကို အဓိကထားပြီး​တော့ ကြည့်​ကြပါတယ်​။ ​ပေးရတဲ့​ဈေးနဲ့ ပါဝင်​တဲ့ Specification တန်​မတန်​ ချိန်​ထိုးကြည့်​ရပါတယ်​။

၃။ Warranty
Warranty က laptop ​တော်​​တော်​များများမှာ ​ပေးထား​ပေမယ့်​ local မှာ service centre ရှိမရှိကလည်း ထည့်​သွင်းစဉ်းစားသင့်​ပါတယ်​။ laptop တစ်​ခုခုဖြစ်​တိုင်း နိုင်​ငံခြားပို့​ပေး​နေရရင်​ သိပ်​​တော့အဆင်​မ​ပြေပါဘူး။

၎။ Processor
Processor (CPU) က​တော့ computer ရဲ့အသက်​ပါပဲ။ Processor မြင့်​​လေ စွမ်း​ဆောင်​မှုမြင့်​​လေပါ။ ဒါ​ပေမယ့်​ သတိထားသင့်​တာက​တော့ Core i7 U Series ထက်​ Core i3 HQ Series က Performance ပိုင်းမှာ ပိုသာတာကို​တွေ့ရပါတယ်​။ Core i3, i7 ထက်​ ​နောက်​က Series ကိုလည်း ထည့်​တွက်​သင့်​ပါတယ်​။

၅။ RAM
အလုပ်​​တွေအများကြီးလုပ်​သူ​တွေအတွက်​ Random Access Memory (RAM) ကလည်း စကား​ပြောပါတယ်​။ ဒီ​နေ့​ခေတ်​မှာ​တော့ RAM 4GB ​လောက်​ကစပါကြလို့ သိပ်​​တော့မစိုးရိမ်​ပါနဲ့။

၆။ Graphic
ဒီ​နေ့​ခေတ်​အ​နေနဲ့ Graphic 2GB ​တော့ပါသင့်​ပါတယ်​။ တချို့ Game အမြင့်​စား​တွေဆိုရင်​ 4GB ​လောက်​​တောင်းဆိုတာ​တောင်​ရှိပါတယ်​။ Graphic များမှ Gaming ​ရော Rendering များများလုပ်​ရတဲ့ Design Software ​တွေပါ သုံးနိုင်​မှာဖြစ်​ပါတယ်​။

၇။ Battery
Battery က​တော့ 4 cells, 6 cells ဆိုပြီး လာတာ​တွေ့ရပါတယ်​။ 6 cells ထက်​ 4 cells က နိမ့်​တယ်​ဆို​ပေမယ့်​ သူ့အိုးနဲ့သူ့ဆန်​တန်​​အောင်​ လုပ်​​ပေးထားတာဖြစ်​လို့ ၂ နာရီ ၃ နာရီ​လောက်​​တော့ခံပါတယ်​။ အသစ်​ဝယ်​ပြီး battery နာရီဝက်​​တောင်​မခံရင်​​တော့ ပြန်​သွား​ပြောသင့်​ပါတယ်​။ ​နောက်​ ​ရေရှည်​သုံးမယ်​ဆိုရင်​ Battery ပစ္စည်းမပြတ်​ခင်​ အရန်​ကြို​ဆောင်​ထားသင့်​ပါတယ်​။

၈။ License Window
Window License အ​နေနဲ့က​တော့ ​ပြောရမည်​ဆိုရင် ​local အတွက်​ကို​တော့သိပ်​အ​ရေးမကြီး​ပေမယ့်​ oversea ထွက်​ပြီး အလုပ်​လုပ်​ဖို့ ဆန္ဒ ရှိမယ်​ဆိုရင်​​တော့ License Window ကို သာ ဝယ်​ဖို့အကြံ​ပေးချင်​ပါတယ်။ Crack Window သုံးရင်​ နိုင်​ငံအများစုမှာ ဥပ​ဒေအရ အ​ရေးယူနိုင်​ပါတယ်​။

ကွန်​ပြူတာဝယ်​ယူတဲ့အခါ ကိုယ်​သုံးချင်​တဲ့ပမာဏနဲ့ ​ပေးရတာတန်​ပြီး အသက်​သာဆုံး ဝယ်​ယူနိုင်​ဖို့အကြံပြု​ရေးသားလိုက်​ပါတယ်​။
#Crd
#ဖုန်းနည်းပညာ
#NyeinChanKo

Comments

Popular posts from this blog

Frp lock ဖြည်​နည်း